မန္တလေးနေ့စဉ်သတင်းစာ

  • Increase font size
  • Default font size
  • Decrease font size

ယာဉ်များကို တို့ ထိန်းမယ်

E-mail Print PDF
ဆောင်းပါးရှင် ဆရာ မိုးဇော်ရေးသားသော ''ယာဉ်များကို တို့ထိန်းမယ်'' ဆောင်းပါးဖြစ်ပါသည်။ မန္တလေးမြို့တော်အတွက် အမှန်တစ်ကယ်လိုအပ်လျက်ရှိသော ယာဉ်/လမ်းစည်းကမ်း ထိန်းသိမ်းရေးအတွက် ဂရုတစ်စိုက်ရှုမြင်ရေးသားထားပါသည်။
 
ကျောင်းနေစဉ်က သူငယ်ချင်းများ မန္တလေးကိုလာရောက်လည်ပတ်ကြသဖြင့်အိမ်ရှင် ၀တ္တရားအတိုင်း တန်ခိုးကြီးဘုရားများ၊ တောင်သမန်ကန်၊ ကန်တော်ကြီး စသည့်နေရာများအား လိုက်လံပို့ဆောင်ပေးခဲ့သည်။ သူငယ်ချင်းများနှင့်အတူ ကားနှင့်သွားစဉ် ၂၆ လမ်းအတိုင်းအရှေ့မှ အနောက်သို့ မောင်းနှင်လာခဲ့သည်။ ပုံမှန်မောင်းနေသော ယာဉ်ကြောအတွင်းသို့ လျှပ်တစ်ပြက် ၀င်ရောက်လာတတ်သော စက်ဘီး၊ဆိုင်ကယ်များကြောင့် ရုတ်တစ်ရက် အရှိန်ပြောင်းခြင်း၊ လျှော့ခြင်း၊ ဟွန်းတီးခြင်းများကို အခါအားလျော်စွာ ဉပလုပ်ရသည်။ ညနေစာစားသောက်ချိန် မိတ်ဆွေများက မန္တလေး၌ဟွန်းတီးခြင်းကို ဝေဖန်ပြောဆိုဆွေးနွေးကြသည်။ရန်ကုန်တွင်ဟွန်းသံ ကင်းမဲ့ဇုန်များ သတ်မှတ်ပြီး ယာဉ်မောင်းများလိုက်နာကျင့်သုံးနေသည်ကို ပြောဆိုဆွေးနွေးကြသည်။မန္တလေးအနေအထားနှင့် ဟွန်းသံကင်းမဲ့ဇုန် သတ်မှတ်ဆောင်ရွက်ရန် အခြေအနေ မပေး သေးကြောင်းနှင့် နောက်ရက်များတွင် မန္တလေးယာဉ်စည်းကမ်း၊လမ်းစည်းကမ်းအခြေအနေများကို  တွေ့မြင်လေ့လာသုံးသပ်ကြရန် ဆွေးနွေးကြပါသည်။ ဧည့်သည်များ သုံးရက်ခန့်နေပြီး ပြန်သွား ကြသည်။ မပြန်မီ မန္တလေးကိုဟွန်းသံကင်းမဲ့ဇုန်များသတ်မှတ်၍ မရနိုင်သေးကြောင်း လက်ခံ သွားကြသည်။ မန္တလေးဉမိ့၏ ဆိုင်ကယ်များ၊ စက်ဘီးများ စည်းကမ်းမဲ့သွားလာမှုများ၊ ယာဉ် များ၏ ယာဉ်စည်းကမ်းမလိုက်နာမှုများကို အလေးထားပြောဆိုဆွေးနွေးဖြစ်ခဲ့ကြသည်။
နိုင်ငံခြားတွင် နှစ်ရှည်လများနေထိုင်ခဲ့သော မန္တလေးသားမိတ်ဆွေတစ်ဦး မန္တလေး ကိုရောက်ရှိပြီး  ရက်သတ္တတစ်ပါတ်ခန့်နေသွားသည်။ မပြန်မီ မန္တလေးဉမိ့၏ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအားနည်းချက်များကို ထောက်ပြသွားခဲ့သည်။ ယခုအတိုင်းစည်းကမ်းမဲ့ သွားလာနေလျှင် အခြားနိုင်ငံများမှ ကမ္ဘာကျော်ယာဉ်စည်းကမ်းပျက်သည့် ဉမိ့ကြီးများနှင့် တန်းတူဖြစ်နိုင်ကြောင်းကို မိတ်ဆွေအချင်းချင်း ကရုဏာဒေါသောဖြင့် ဝေဖန်သွားခဲ့သည်။ ယာဉ်များ၏ လမ်းကြောအတိုင်း မောင်းနှင်မှု မရှိခြင်း၊ မျဉ်းများသားထားသော်လည်း ကွေ့ချင်သလိုကွေ့ခြင်း၊ အနှေးယာဉ်များ ယာဉ်ကြောအတိုင်း မောင်းနှင်မှု မရှိခြင်း၊ မျဉ်းများသားထားသော်လည်း ကွေ့ချင်သလို ကွေ့ခြင်း၊ အနှေးယာဉ်များ လမ်းလယ်မှ သွားခြင်း၊ အမြန်ယာဉ်ကြောမှ သွားခြင်း၊ အငှားယာဉ်များ ဘတ်စ်ကားများလမ်းလယ် တွင် ရပ်ပြီး ခရီးသည်တင်ခြင်း၊ ကုန်အတင်အချဉပလုပ်ခြင်း၊ အ၀ိုင်းပါတ်ယာဉ်ကို ဦးစားပေးမှု မရှိခြင်းများ၊ လူများမှလည်း မီးပွိုင့် လမ်းလေးခွဆုံများတွင် လမ်းဆုံလမ်းခွကို အလျားလိုက် ဖြတ်ကူးခြင်း၊ လမ်းများပေါ်တွင် ယာဉ်နှစ်ထပ်ရပ်ခြင်း၊ အချို့နေရာများတွင် (၃)ထပ်ရပ်ခြင်း (ဈေးချိုနာရီစင်အနီး) နီဖြူကြား ပလက်ဖောင်းများ၊ ၀ါနက်ကြား ပလက်ဖောင်းများ၏ သတ်မှတ် ချက်များကို မသိရှိခြင်း၊ မလိုက်နာခြင်း၊ လမ်းဘေးဆိုင်များ ပလက်ဖောင်းပေါ်၊လမ်းပေါ်ထိ ဆိုင်ခင်းကျင်းခြင်း၊ စက်ဘီး၊ဆိုင်ကယ်များ လမ်းပေါ်တွင် ရပ်တံ့ခြင်း၊ ဆိုင်ကယ် ဦးထုပ်မပါ စီးနင်းခြင်း၊ ဆိုင်ကယ်တစ်စီးတွင် လူ ၃^၄ ဦး စီးနင်းခြင်း၊ မီးပွိုင့်များ မီးမလာခြင်း၊ အချက်ပြမီး  မရှိခြင်း၊ ယာဉ်စည်းကမ်းနှင့်ပါတ်သက်၍ ကြပ်ကြပ်မတ်မတ် ထိန်းသိမ်းအရေးယူမှုမရှိခြင်းများကို ထောက်ပြဝေဖန်သွားခဲ့ပါသည်။ ဝေဖန်ချက်များကို ခိုင်ခိုင်မာမာခုခံချေပနိုင်ခြင်းမရှိသော်လည်း  မန္တလေးဉမိ့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးဆောင်ရွက်နေမှုများကို သိမှတ် သ၍ဖြင့် ပြန်လည်ရှင်းပြခဲ့ပါသည်။
မန္တလေးတိုင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီကို ၁၉၉၄ ခုနှစ် တွင် စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင် (၂၇) ဦး ပါဝင်ခဲ့ပါသည်။ ယခုအခါတွင် အဖွဲ့ဝင် (၂၈)ဦးဖြင့် ဖွဲ့စည်းထားရှိပြီး အထောက်အကူဉပ ဆပ်ကော်မတီ (၃) ခု ပါဝင်ဖွဲ့စည်းခဲ့ပါသည်။ ၎င်းင်းတို့ မှာ -
- စစ်ဆေးအရေးယူမှု ကော်မတီ
-ပညာပေးရေးနှင့် စည်းကမ်းသတ်မှတ်ရေး ဆပ်ကော်မတီ
-အဝေးပြေး ကုန်တင်ယာဉ်များ စည်းကမ်းထိန်းသိမ်းရေး ဆပ်ကော်မတီ
-ခရီးသည်တင်ယာဉ်များ စည်းကမ်းထိန်းသိမ်းရေး ဆပ်ကော်မတီ  တို့ဖြင့် ဖွဲ့စည်းပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးတို့ကို ဆောင်ရွက် လျက်ရှိပါသည်။ ၁၉-၆-၂၀၀၈ ရက်နေ့တွင် ကျင်းပဉပလုပ်သော မန္တလေးတိုင်း ယာဉ်စည်းကမ်း ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မန္တလေးတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဉဖိးရေးကောင်စီ ဥက္ကဋ္ဌ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်တင်ငွေ မှ အမှာစကားပြောကြားရာတွင် ]] မန္တလေးတိုင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ယာဉ် စည်းကမ်းဖောက်ဖျက်သူများကို တည်ဆဲဥပဒေအရအပြင် စီမံခန့်ခွဲမှု နည်းလမ်းများအရလည်း ဒဏ်တပ် အရေးယူခဲ့ပါသည်၊ ဒီလို ဒဏ်ငွေတပ်ရိုက်ရခြင်းမှာ ယင်းကော်မတီအနေနှင့် ဒဏ် ငွေ ရရှိမှုအတွက် ဆောင်ရွက်ခြင်းမဟုတ်ဘဲ ယာဉ်မတော်တဆမှုများ လျော့နည်းရေး၊ ယာဉ်စည်းကမ်းလိုက်နာရေး၊ သေဆုံးဒဏ်ရာရသူများ လျော့နည်းပပျောက်ရေးတို့အတွက်သာ ဦးတည်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်}} လို့ မိန့်ကြားသွားခဲ့ပါသည်။ သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့များအနေဖြင့် ကျောင်းများ၊ ရပ်ကွက်ကျေးရွာများ၊ မော်တော်ယာဉ်လိုင်းများမှာ ပညာပေး ဟောပြောမှုများ ဉပလုပ်ခဲ့ကြောင်းနှင့် ]] ၂၀၀၈ ခုနှစ် မေလ ၁၄ ရက်နေ့  မှ စပြီး စည်းကမ်းမလိုက်နာသူများအား ဥပဒေအရ ဖမ်းဆီးအရေးယူရေး တာဝန်ပေးအပ်ခဲ့ပါတယ်၊ ယနေ့ဆိုလျှင် အဲဒီ ဖမ်းဆီးရေးအဖွဲ့မှာ ယာဉ်ထိန်းရဲများ၊ က.ည.န၊ မ.ထ.သ မှ တာဝန်ရှိ သူများအပြင် တစ်နေရာတည်းမှာ တရားစီရင်နိုင်ရေးအတွက် တရားသူကြီးနှင့်ဥပဒေ၀န်ထမ်း များကိုပါ တာဝန်ပေးဆောင်ရွက်လျက်ရှိကြောင်း}} ထည့်သွင်းပြောဆိုသွားခဲ့ပါသည်။
မန္တလေးတိုင်း တစ်တိုင်းလုံး၏ မော်တော်ယာဉ်၊ ဆိုင်ကယ်အရေအတွက်ကိုကြည့်လျှင်  တိုင်းတစ်တိုင်းလုံးအနေနှင့် လူဦးရေ ၇ç၉၁၀ç၀၉၃ ဦးရှိပြီး မော်တော်ယာဉ် ၅၆ç၅၀၂ စီး ဖြစ်သဖြင့် လူ ၁၄၀ ဦးတွင် ကားတစ်စီးနှုန်းဖြစ်ပါသည်။ မော်တော်ဆိုင်ကယ်စီးရေမှာ ၂၁၆ç၇၅၈ စီး ရှိသဖြင့် လူ ၃၀ ဦးတွင် ဆိုင်ကယ်တစ်စီးနှုန်းရှိပါသည်။ မန္တလေးခရိုင်တွင် လူဦးရေ ၁ç၂၇၅ç၆၅၉ ဦးရှိပြီး ဆိုင်ကယ်စီးရေ ၁၃၁ç၈၀၈ စီးရှိသဖြင့် လူ (၁၀) ဦးတွင် ဆိုင်ကယ် တစ်စီးနှုန်းရှိပါသည်။မော်တော်ယာဉ်အနေနှင့်မန္တလေးခရိုင်တွင် ( ၄၂ç၅၇၂ ) စီးရှိသဖြင့် လူု  ( ၃၀ )ဦးတွင် တစ်စီးနှုန်းရှိပါသည်။ ယာဉ်ထိန်းရဲတပ်ဖွဲ့ အနေနှင့် အရာရှိ ၄၂ ဦး၊ အခြားအဆင့် ၂၁၀ ဦး စုစုပေါင်း ၂၅၂ ဦးနှင့် မန္တလေးဉမိ့ပေါ်တွင် မီးပွိုင့် ၂၃ နေရာ၊ လမ်းဆုံ ၁၆ နေရာ နှင့် ကျောင်းလမ်းတွင်း ၁၅ နေရာတို့တွင် နေ့စဉ် ယာဉ်စည်းကမ်းထိန်းသိမ်းရေးကို ဆောင်ရွက် လျက်ရှိပါသည်။ ဤမျှသော အင်အားဖြင့်ယာဉ်စည်းကမ်းထိန်းသိမ်းရေးကို ဆောင်ရွက်ရာမှာ ပြည်သူလူထုပူးပေါင်းပါဝင်မှသာ ထိရောက်အောင်မြင်နိုင်မည်ဖြစ်ပါသည်။ လူထုအနေနှင့် ယာဉ်ကို ယာဉ်လို သဘောထားပြီး စီးနင်းရမည်ဖြစ်ပါသည်။ ဆိုလိုသည်မှာ မိမိစီးနင်းသော ယာဉ်များနှင့် ပါတ်သက်သော စည်းကမ်းများအတိုင်း လိုက်နာသွားမှသာ ယာဉ်အန္တရာယ် လျော့ပါးမည်ဖြစ်ပါသည်၊ ယာဉ်စည်းကမ်းတိုးတက်ကောင်းမွန်မည်ဖြစ်ပါသည်။
ကားမောင်းသူများ၊ ဆိုင်ကယ်စီးသူများသည် လမ်းစည်းကမ်း၊ယာဉ်စည်းကမ်းကို လိုက်နာကျင့်ကြံသွားရန် လိုအပ်ပါသည်။ မန္တလေးဉမိ့သည် တစ်ချိန်က စက်ဘီးဉမိ့တော်အဖြစ်  အသိအမှတ်ဉပခဲ့ပါသည်။ မန္တလေးသူ၊ မန္တလေးသားများသည် အငှားယာဉ်၊ မြင်းလှည်းဖြင့် သွားလာသည်ထက် စက်ဘီးကို အသုံးဉပစီးနင်းသူများပါသည်။ စက်ဘီးမှာ သွားလိုရာနေရာကို  စိတ်တိုင်းကျ ၀င်ရောက်နိုင်ခြင်း၊ မန္တလေးဉမိ့မှာလည်း မြေမျက်နှာပြင်ညီဖြစ်၍ စက်ဘီးစီးနင်း ရာတွင် အပင်ပန်းခံရန်မလိုခြင်း၊ စက်ဘီး၏ ကုန်ကျစရိတ်သက်သာခြင်းတို့ကြောင့်ဖြစ်ပါသည်။ တစ်ချိန်တစ်ခါက ဆိုင်ကယ်စီးနိုင်သူဦးရေမှာ အနည်းအပါးသာရှိခဲ့ပါသည်။ ဈေးကွက်စီးပွားရေး စနစ်ကျင့်သုံးပြီးနောက်ပိုင်းတွင် စီးပွားရေးဖွံ့ဉဖိးတိုးတက်လာပြီး စက်ဘီးများနေရာတွင်ဆိုင်ကယ်များ အစားထိုးဝင်ရောက်လာပါသည်။ ထိုဆိုင်ကယ်စီးနင်းသူအချို့သူ ဆိုင်ကယ်စည်းကမ်း (ယာဉ် စည်းကမ်း)၊ လမ်းစည်းကမ်းတို့ကို သိရှိနားလည်မှုအားနည်းကြောင်းတွေ့ရှိရပါသည်။ ယခင်က စက်ဘီးစီးသကဲ့သို့ လမ်းပေါ်တွင် ယာဉ်ကြောအတိုင်းမဟုတ်ဘဲ အနှေးယာဉ်၊အမြန်ယာဉ် လမ်းကြောင်းများပေါ်တွင် စိတ်တိုင်းကျ မောင်းနှင်ကြသည်၊ကွေ့ချင်သလိုကွေ့ကြသည်။ အချက်ပြ ခြင်း၊ အဓိကလမ်းမကြီးများပေါ်အတက်တွင် ယာဉ်ကြောရှင်းလင်းမှုရှိမရှိမကြည့်ဘဲဝင်ရောက်ခြင်း၊ လမ်းပေါ်တွင်ဆိုင်ကယ်အချင်းချင်း၊ ဆိုင်ကယ်နှင့်ကားနှင့်၊ ဆိုင်ကယ်နှင့် လမ်းဘေးမှ အသိ မိတ်ဆွေနှင့် ရပ်ပြီး စကားစမြည်ပြောခြင်းများကို တွေ့မြင်နေရပါသည်။
ငယ်စဉ်က အဖေကားမောင်းစဉ် ဘေးကထိုင်လိုက်ရင်း သတိဉပမိသည်။ ညဘက် ကားမောင်း၍ ကားချင်းဆုံလျှင် မီးကြီးအောက်ချပေးသည်။ ကိုယ့်ကားရော မျက်နှာချင်းဆိုင်က ကားပါ ဉပမြဲဖြစ်သည်ကို သတိဉပမိ၍ အဖေ့ကို ဘာကြောင့် မီးအောက်စိုက်ပြသလည်းဟု မေးမိသည်။ ကားချင်းဆုံလျှင် မီးထိုးထားသဖြင့် မျက်စိပြာပြီး ထိခိုက်အန္တရာယ် ရှိမည်စိုး၍ ဟုဖြေသည်။ ဤသည်မှာ ယခင်က ယာဉ်မောင်းသူအချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစားလိုက်နာသော ကျင့်ဝတ်ဖြစ်သည်။ ယခုအချိန်တွင် မျက်နှာချင်းဆိုင်မှ ကားကလည်း မီးမချ၊ကိုယ့်ဘက်ကလည်းချမပေး၊ ဤကျင့်ဝတ်ကို လက်ရှိ မန္တလေးတွင် မမြင်တွေ့ရတော့၊ ဤထုံးစံကို ယခုလက်ရှိ ယာဉ်မောင်းနေသူများ မသိကြတော့ (သို့မဟုတ်) မေ့လျော့နေကြသလား (သို့မဟုတ်) သူမီးမချ ရင် ကိုယ်လည်း မီးမချဟူသော မာန်မာနမှ တစ်ဖြည်းဖြည်း မီးမချဘဲ မောင်းသည်မှာ ပုံမှန်ပင် ဖြစ်လာတော့သည်။ မန္တလေး၌ ယာဉ်စည်းကမ်းထိန်းသိမ်းရေးတွင် အားနည်းရသောနောက်အချက်တစ်ချက်မှာလည်း ယာဉ်ကြီး၊ယာဉ်ငယ်တို့ ယာဉ်တိုက်မှု ဖြစ်လျှင် မည်သူမှားမှား ယာဉ်ငယ်ကို လျော်ကြေးပေးရသည်။ တိုက်ခိုက်မှုနှင့်ပါတ်သက်၍  ယာဉ်ကြီးဘက်မှ တာဝန်ယူကြသည်မှာ ထုံးစံလိုဖြစ်နေသည်။ ထို့ကြောင့် စက်ဘီးသမားများက   ဆိုင်ကယ်နှင့်ကားများကို မထီ၊ ဆိုင်ကယ်သမားက ကားသမားကို မထီ ဖြစ်လာကြသည်။ ထို့အပြင် စက်ဘီးများအား လေ့လာကြည့်ရာ အများစုမှာ ဘရိတ်မပါသည်ကို သတိဉပမိသည်။ တစ်စုံတစ်ခုသောအကြောင်းကြောင့်ရပ်တံ့လျှင် ခြေထောက်နှင့်လျှပ်တိုက်ပြီး အရှိန်ထိန်းရပ်တံ့ ကြသည်။ စက်ဘီးစီးသူများမှာ စီးပွားရေးအခြေခံအားဖြင့် အားနည်းသူများဖြစ်၍ ယာဉ်တိုက် ခိုက်မှု ဖြစ်ပွားလျှင် လူမှုရေးအရ အထောက်အပံ့ဉပသည်ကို အခွင့်အရေးတစ်ရပ်အနေနှင့် အသုံးချ လာခြင်းဖြစ်ပါသည်။ ထို့ကြောင့်မန္တလေးတွင် ယာဉ်ကြီးမှ ယာဉ်ငယ်ကို ဦးစားပေးသော စနစ်ကိုလည်း ပြန်လည်သုံးသပ်သင့်ပြီဖြစ်သည်။
ထို့ပြင် ဆိုင်ကယ်၊ မော်တော်ယာဉ်မောင်းနှင်သူများအနေနှင့်အခြေခံလမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းများကို သိရှိနားလည်ကြရန်လိုအပ်ပါသည်။ ယခင်အခါများက ယာဉ်မောင်းလိုင်စင် ရယူရန် အမောင်းသင်လိုင်စင်လုပ်ရသည်၊ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများနှင့်ပါတ်သက်သော သင်တန်းများတက်ရသည်။ သက်ဆိုင်ရာမှ လမ်းစည်းကမ်း၊ယာဉ်စည်းကမ်းများပို့ချခြင်းကို နာခံရသည်။ နောက်တစ်ဆင့် ယာဉ်မောင်းသင်ပြီး လိုင်စင် ဆန်းစစ်ဖြေရသည်။ စမ်းသပ် မောင်းနှင်ပြီး စစ်ဆေးအောင်မြင်မှသာ ယာဉ်မောင်းလိုင်စင်ရရှိသည်။ ထိုသို့ အဆင့်ဆင့်သင်ကြား လေ့လာပြီး ယာဉ်မောင်းလိုင်စင်ရသူများမှာ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းကို နားလည်လိုက်နာ သူများဖြစ်ကြပါသည်။ ယခုအခါ မန္တလေးဉမိ့တွင် ယာဉ်မောင်းသူများကိုကြည့်ပါ။ နံပါတ်အနီ နှင့် (ကက) ယာဉ်များ မောင်းနှင်သူများတွင် ပြည်တွင်းဖြစ်နိုင်ငံခြားသူများပါဝင်နေသည်ကို တွေ့ရမည်ဖြစ်သည်။ သာမန်အားဖြင့် ယာဉ်မောင်းလိုင်စင်တွင် သတ်မှတ်ချက်အရ အနီကိုင်ဆောင် ခွင့်ရှိသူသာ အငှားယာဉ်(ွှဗဌှု ) မောင်းနှင်ခွင့်ရှိသည်။ ယခုခေတ်လိုင်စင်တွင် ( င ^ န ) စသည်ဖြင့် မှတ်ပုံတင်ထားသောမည်သည့်ယာဉ်ကိုမဆို မောင်းနှင်ခွင့်ရှိသည်ဟူသော မှတ်ချက် ပါသည့် လိုင်စင်ပါမှ အငှားယာဉ်မောင်းနှင်ခွင့်ရှိသည်။သို့ရာတွင်ဤအမျိုးသမီးများတွင်ထိုသို့သော လိုင်စင်မရှိ၊ သာမန်ယာဉ်မောင်းလိုင်စင်ကိုလည်း အဆင့်ဆင့်သင်တန်းများ၊ ဆန်းစစ်ချက်များ ကျော်လွှားပြီးရယူခဲ့သူများမဟုတ်၊ထိုသို့သောယာဉ်မောင်းနှင့်ယာဉ်များကိုစစ်ဆေးပြီး တားမြစ် အရေးယူ ထိန်းသိမ်းပေးလျင် ယာဉ်အန္တရာယ် အတော်အတန် လျော့ပါးသွားမည် ဖြစ်ပါသည်။ ထို့အပြင် ယာဉ်စည်းကမ်းနှင့်ပါတ်သက်၍ ရှောင်တခင် စစ်ဆေးခြင်း အရေးကြီး နေရာများတွင် ရပ်တန့် စစ်ဆေးခြင်းများဉပလုပ်ကာ စည်းကမ်း ဖောက်ဖျက်သူများကို ချက်ချင်း အရေးယူခြင်းများဉပလုပ်ဆောင်ရွက် သွားရမည် ဖြစ်ပါသည်။ ထို့အတူ တာဝန်ရှိသူများ ဘက်ကလည်း လမ်းသင်္ကေတ အမှတ်အသားများရေးဆွဲခြင်းမီးပွိုင့်များကောင်းမွန်အောင် ဉပပြင်ခြင်း၊ ယာဉ်^လူသွားလာမှုထူထပ်သောနေရာများတွင်ယာဉ်ထိန်းများထားရှိခြင်းတို့ဆောင်ရွက် ရပါမည်။
မန္တလေးဉမိ့တော်တွင် ယာဉ်စည်းကမ်းတိုးတက်ကောင်းမွန်ရေးအတွက် အဓိက လိုအပ်ချက်တွင် ထိရောက်စွာအရေးယူမှုလည်း လိုအပ်ပါသည်။ ဒဏ်ရိုက်ခြင်းနေရာတွင်၊ အပြစ် ပေးခြင်း၊ သင်တန်းတက်စေခြင်းများ ဉပလုပ်သွားရပါမည်။ ရန်ကုန်ဉမိ့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်သူများကို နေရာတွင် ခေါ်ယူစုစည်းပညာပေးမှုများဉပလုပ်သကဲ့သို့ မန္တလေးဉမိ့တွင် အလားတူ လုပ်ဆောင်သွားရပါမည်။ ဤသို့အရေးယူရာတွင် ကျောသား၊ရင်သား မခွဲခြားဘဲ တိတိကျကျ ဖော်ဆောင်သွားရပါမည်။ အသိမိတ်ဆွေများ၊ ဆွေမျိုးÓတကာများ စသည်တို့ကို ဘေးဖယ်ထားပြီး ထိရောက်သော ပညာပေးအရေးယူမှုများ ဉပလုပ်သွားရပါမည်။  ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းထိန်းသိမ်းရာတွင် အားနာမှု၊ညှာတာမှုများဖြင့်လုပ်ဆောင်နေပါက  ယခုအခြေအနေအတိုင်းပင် ပုံမှန်ဖောက်ဖျက်ကျူးလွန်နေကြမည်သာဖြစ်၍ ထိထိရောက်ရောက် ပြတ်ပြတ်သားသားတားဆီးအရေးယူမှုများ ဆောင်ရွက်သွားသင့်သည်ဟု တိုက်တွန်းအပ်ပါသည်။

Last Updated ( Thursday, 02 October 2008 20:39 )  
မန္တလေးနေ့စဉ်သတင်းစာဖတ်ရှုခြင်းဖြင့် အသိဉာဏ်၊ဗဟုသုတတိုးပွားစေပြီး မန္တလေးနေ့စဉ်သတင်းစာတွင်ကြော်ငြာခြင်းဖြင့် သင့်စီးပွားရေးလုပ်ငန်းများ၏ အရှိန်အဟုန်ကိုမြှင့်တင်ပါ။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မန္တလေးနေ့စဉ်သတင်းစာကို ထုတ်ဝေခွင့်အမှတ်(ယာယီ၃၉၈)ဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီပုံနှိပ်တိုက် ၂၉လမ်း၊ ၇၃လမ်းနှင့် ၇၄လမ်းကြားတွင် ပုံနှိပ်ထုတ်ဝေသည်။ စာတိုက်သေတ္တာအမှတ်(၃၆)၊ကြေးနန်းလိပ် မန်း/နေ့စဉ်၊ အယ်ဒီတာ၊ သတင်းထောက်၊ ကြော်ငြာဖုန်း ၆၀၄၉၄၊၆၉၉၆၂   R.140. email: newspaper@mandalaycity.info