မန္တလေးနေ့စဉ်သတင်းစာ
  • Increase font size
  • Default font size
  • Decrease font size
ယနေ့ထုတ်သတင်းစာ သတင်းစာသမိုင်း
သတင်းစာသမိုင်း
မန္တလေးနေ့စဉ်သတင်းစာနှင့်အင်တာနက်
E-mail Print PDF
မန္တလေးနေ့စဉ်သတင်းစာနှင့်အင်တာနက်
  ကျွန်တော် သတင်းစာတိုက်တွင် တာဝန်ထမ်းဆောင်ခဲ့စဉ်ကာက ၂၀၀၃ - ၂၀၀၄ခုနှစ်တွင် သတင်းစာများအား အင်တာနက်တွင် တင်လာကြသည်ကို ဖတ်ရှုခဲ့ရသည်။ ကျွန်တော့်သတင်းစာ ကိုလည်း တင်လိုသည် အများသူငါကို အင်တာနက်ပေါ်တွင် ပါ ဖတ်ရှုစေလိုခဲ့ပါသည်။
  အခြားသတင်းစာများကို ကြည့်သည်...... acrobat အမျိုးအစားဖိုင်ဖြစ်သည် ။ လက်ငင်းဖတ်ရှုရန် မလွယ်ကုပါချေ။ ထိုအချက်ကို ကျွန်တော်မကြိုက် ထို့ကြောင့် jpg   gif အမျိုးအစားများ တင်သည်။ ဖတ်၍ ရယုံမျှသာ ဖြစ်သည်။ ကျွန်တော် ၏ ညီတော်မောင်များမှာ ရုရှားတွင် ပညာသင်ကြားလျက်ရှိသည်ကို ဖတ်ရှုစေပါသည်။ ထိုမှ တစ်ဆင့် ကျွန်တော်တို့ ရှေ့မတက်နိုင်တော့ ............. အကြောင်းအမျိုးမျိုးကြောင့်အင်တာနက်စာမျက်နှာများပေါ်တွင် သတင်းစာအား တင်ပေးခြင်းကို ရပ်ဆိုင်းခဲ့ရသည်။
  ၂၀၀၈ ခုနှစ်အောက်တိုဘာလတွင်ကျမှ သတင်းစာကို သီးခြားဒိုမိန်း  အင်တာနက် လိပ်စာဖြင့် http://mandalaynews.net ဟု မိမိအစီအစဉ်ဖြင့် မှတ်ပုံတင်နိုင်သည် ။.png အမျိုးအစားဖိုင်များ၊ .jpg အမျိုးအစား ဖိုင်များ အား ကျွန်တော် စတင်သည် ။ ကျွန်တော်တို့ ရုံးတွင် ဖတ်ရှု၍ ရသည် ။ အပြင်မိတ်ဆွေများအား ပေး၍ ဖတ်ရှု စေရာ လေးသည်ဟု ၀ိုင်းဝန်း ထောပနာ ပြုကြသည်။ ထို့ကြောင့် သီးခြား အမျိုးများကို စဉ်းစားသည်။ 
  အဆိုပါကာလတွင် သတင်းစာတိုက်တွင်ပင် တာဝန်ထမ်းဆောင်နေသူ ထိပ်တင်အောင်မှ ပြောသည် ။   http://is**.******  တွင် တင်လို့ရသည်တဲ့..... ကျွန်တော်တို့ ဘယ်လိုကယ်ရီ ယူရမလည်း ချိတ်ဆက်မလည်း စဉ်းစားကြမယ်ဟုပြောသည်။ ကျွန်တော် အဖြေရှာသည် ။
      တစ်ရက်မှ ရက်သတ္တ တစ်ပါတ်ကျော် ကြာမြင့်သွားသည် ။   တစ်ည ကျွန်တော် ရုံးတွင် ခိုးပြီးညဘက်နေရင်း ရုရှားနိုင်ငံရှိ အားကိုးရသော ညီတစ်ယောက် နှင့် ဆွေးနွေးသည်။ ပြင်ဦးလွင် ရှိ ညီတစ်ယောက်ကို မေးသည်။ အဖြေရမလား ..... ၀ိုင်းရှာဖွေပေးကြပါသည်။           နံနက် ၄ နာရီခန့်သို့ ရောက်ရှိသွားသည် ။ ကျွန်တော် gtalk တွင် ညီတော်မောင်နှစ်ယောက် အား အလန့်တစ်ကြားပြောသည်............ ရပြီကွ ဟေးးး.................
      သတင်းစာတိုက်ကို ချက်ချင်းပြေးသည် .... စာဖောင်များအားသွားယူခဲ့ပါသည်။ ချက်ချင်းပြန်မလာနိုင် ... စောင့်ရသည် ပြီးနောက် စတင်ကာ ယခု မျက်မြင်တွေ့ရှိ ခံစားဖတ်ရှုရသည့် သတင်းစာ ပုံစံအတိုင်း တင်ပြနိုင်ခဲ့ပါသည်။။။။  အများသူငါ စိတ်ချမ်းသာဗဟုသုတ တိုးပွားကြပါစေ။
       ယခုသတင်းစာကို joomla CMS သုံးပြီး လွှင့်တင်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း အသိပေးအပ်ပါသည်ခင်ဗျား..
"ကျွန်တော့်ကို ကွန်ပျူတာနှင့်စပ်လျဉ်းပြီး အခြေခံမျှမက သင်ကြားပေးခဲ့သူ.... တတ်စေလိုသောစိတ်မွေးဖွား ရိုက်သွင်းပေးခဲ့သော မန္တလေးနေ့စဉ်သတင်းစာ အဓွန့်ရှည်ပါစေ"
Last Updated ( Friday, 17 October 2008 13:17 )
မန္တလေးနေ့စဉ်သတင်းစာထုတ်ဝေသည်မှ သမိုင်းကြောင်း
E-mail Print PDF
မန္တလေးနေ့စဉ်သတင်းစာ ထုတ်ဝေမှု သမိုင်းကြောင်းမှာ ....
မန္တလေးနေ့စဉ်သတင်းစာဖတ်ရှုခြင်းဖြင့် အသိဉာဏ်၊ဗဟုသုတတိုးပွားစေပြီး မန္တလေးနေ့စဉ်သတင်းစာတွင်ကြော်ငြာခြင်းဖြင့် သင့်စီးပွားရေးလုပ်ငန်းများ၏ အရှိန်အဟုန်ကိုမြှင့်တင်ပါ။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မန္တလေးနေ့စဉ်သတင်းစာကို ထုတ်ဝေခွင့်အမှတ်(ယာယီ၃၉၈)ဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီပုံနှိပ်တိုက် ၂၉လမ်း၊ ၇၃လမ်းနှင့် ၇၄လမ်းကြားတွင် ပုံနှိပ်ထုတ်ဝေသည်။ စာတိုက်သေတ္တာအမှတ်(၃၆)၊ကြေးနန်းလိပ် မန်း/နေ့စဉ်၊ အယ်ဒီတာ၊ သတင်းထောက်၊ ကြော်ငြာဖုန်း ၆၀၄၉၄၊၆၉၉၆၂   R.140. email: newspaper@mandalaycity.info